Saturday, July 23, 2016

ဗေဒင်ဝါသနာပါသူများအတွက် မျှဝေခြင်း(၁)



ဗေဒင်ဝါသနာပါသူများအတွက် မျှဝေခြင်း(၁)

·         ဝေဒ နည်းပညာ ဓနယောဂ ဥပဒေသများ(၁၂၅-၁)


မိဿရာသီလဂ် သမားများအတွက်
မူလဇာတာအရ ဓနယောယုဂ် ကို ကိုယ်တိုင် သိရှိနိင်ရန် မျှဝေပါသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်

အရေးပါသော ယောဂ(၃၀၀)



အရေးပါသော ယောဂ(၃၀၀)

နက္ခတ္တဗေဒပညာရပ်တွင် ယောဂများ သို့မဟုတ် ယုဂ်များသည် ဥစ္စာစည်းစိမ်ကြွယ်ဝချမ်းသာ
မှုအဆင့်အတန်း၊ထင်ရှားကျော်ကြားမူအဆင့်အတန်း၊ရာထူးရာခံအဆင့်အတန်း၊သြဇာအာဏာ
အဆင့်အတန်း၊တွေ့ကြုံရမည့် အဆင်းရဲဒုက္ခအဆင့်အတန်း၊ဖြစ်ပေါ်ရရှိရမည့်ရောဂါဝေဒနာ
အဆင့်အတန်း၊ကံမကောင်းအကြောင်းမလှခြင်းကို တွေ့ကြုံရမည့် အဆင့်အတန်း စသည်ဖြင့်
ဇာတာရှင်သည် အတိတ်ဘ၀ ပြုလုပ်ခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံအလျောက် လက်ရှိ
မျက်မှောက်ဘ၀တွင် ခံစားရမည်ကို တိုင်းတာဖေါ်ပြသည်။
စသည်တို့ရှိသည့်အနက် ဓနယောဂများကိုသာ သီးခြား ဖေါ်ပြမည် ဖြစ်ပါသည်။
၂၃.၇.၂၀၁၆

Friday, July 8, 2016

ဝေဒနည်းပညာ ဥပဒေသများ(၁-၁)




ငွေအမြောက်အများဝင်ကိန်း(သို့) ထီပေါက်ကိန်း

သင်ဆရာ မြင်ဆရာ သမားတို့၏ ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊၁၉၉၅ ခုနှစ်မှယနေ့ထိ
ထီအကြံပြုပေးခြင်း အတွေ့ အကြုံများအရ လည်းကောင်း၊ထီပေါက်ဖူးသူများ၏ မူလဇာတာ
များကို သုတေသနပြုလုပ် တွေ့ရှိချက်များမှ လည်းကောင်း၊လက်တွေ့ အသုံးပြုနေသည့်
ငွေအမြောက်အများဝင်ကိန်း(သို့)ထီပေါက်ကိန်း ဝေဒနည်းပညာ ဥပဒေသများ
ဝေဒနည်းပညာ ဥပဒေသများ(၁)
ဝေဒနည်းပညာ ဥပဒေသများ(၁-၁)
လဂ်၏(၂) တန့် လာဘ်လာဘအိမ်ကို ကောဇာ ဓနဂြိုလ် ကြာသပတေးဂြိုလ် ရောက်ရှိလျှင်
လည်းကောင်း ရှောက်ရှိနေသည့် ကာလအတွင်း ငွေအမြောက်အများဝင်ကိန်း(သို့)
ထီပေါက်ကိန်း ရှိနေပါသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၇ ရက်.